မအူပင်မြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မအူပင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မအူပင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ကျင်းပသည်။