ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်မှုများအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်ခြင်း၊ နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းက မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့မဈေးအတွင်း အများပြည်သူများ သိရှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။