သင်္ဃန်းကျွန်းမြို့နယ်တွင် Quarantine centre ယာယီအဆောက်အဦ ဆောက်လုပ်လျက်ရှိရာသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း သင်္ဃန်းကျွန်းမြို့နယ်မှလျှပ်စစ်မီး အဆင်ပြေစေရေး ကြိုးပမ်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုဘောလုံးကွင်းဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ဦးဆောင်ကာ Quarantine ဝင်ရောက်သူများအား ထားရှိနိုင်ရန်အတွက် ယာယီအဆောက်အဦ တစ်လုံး လျှင်လူ(၁၀၀)ဦး၊ Quarantine ဝင်ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ(၂)လုံးကို CNC ကုမ္ပဏီမှ(၅)ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီအဆောက်အဦ Quarantine Center များကိုလည်း ဆက်လက် ဆောက်လုပ်သွား မည်ဖြစ်သည်။