ကြည့်မြင်တိုင် စက်တင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့က ဆေးရိုးတန်းငြိမ်းချမ်းရေး ရပ်ကွက်ရှိ လမ်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ပိုးသတ်ဆေးဖြန်းရာတွင် ရပ်ကွက်အတွင်းရှိ လမ်းမကြီးများ တစ်လျှောက်နှင့် အတွင်း လမ်းသွယ်များပါမကျန် ပိုးသတ်ဖျန်းခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်းအား အားမာန်ပရဟိတအဖွဲ့၊ ဆေးရိုးတန်းငြိမ်းချမ်းရေး ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်သူ/ရပ်ကွက်သားများ ပူးပေါင်း၍ ရပ်ကွက်နေ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)