မေတ္တာ၊ စက်တင်ဘာလ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်-မေတ္တာကားလမ်း အမှတ် (၂)ရပ်ကွက်တွင် ခရီးသွား ပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား နှာခေါင်းစည်း (Mask) များ တပ် ဆင် ခြင်းရှိ /မရှိရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်း လာနေပြည်သူများအား မေတ္တာမြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းဦးဆောင်သော ပူးပေါင်းအဖွဲ့က အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
နန်းခလိုက်( မေတ္တာပြန်/ဆက်)