ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဧရာမင်း မျိုးသန့်မျိုးစေ့ ထုတ် တောင်သူ များအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည်၊ စက်တင်ဘာ-၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ် တောင်သူ(၁၄၇)ဦး၊ စိုက်ဧက (၆၁၆)ဧက အတွက်  ဒုတိယအကြိမ်ထောက်ပံ့ငွေ ကျပ်သိန်း (၄၀၀) လေးသောင်းကျပ်ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင်  မြိုနယ်ဦးစီးမှူး ဦးရဲမင်းသောင်း က မြို့နယ်မျိုးစေ့ထုတ် တောင်သူအဖွဲ့ ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ်တောင်သူများအား ပထမအကြိမ် တွင် စပါး တစ်ဧက အတွက် မျိုးစေ့ဘိုး (၁၀၅၀၀) ကျပ်နှင့် စိုက်ပျိုးစရိတ် (၇၅၀၀၀)ကျပ်၊ စုစုပေါင်း(၈၅၅၀၀)ကျပ်ကို ထောက့်ပံ့အပ်ခဲ့ပြီး ယခုအခါ စပါးခင်းများ မျိုးကွဲပယ်ခြင်းနှင့် ပေါင်းမြက် ရှင်းလင်းရန်အတွက် ငွေကျပ် (၅၀၀၀၀)၊ မျိုးသန့်စင်ရန် အတွက် ငွေကျပ်(၁၅၀၀၀)၊စုစုပေါင်း ငွေကျပ်(၆၅၀၀၀)ကျပ်ကို ဒုတိယအကြိမ် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ်စပါးများအား မင်းရဲ စိုက်ပျိုးရေးပညာပေး စခန်းတွင် (၁၃၇.၆၃)ဧက၊ သင်းတွဲစိုက်ပျိုးရေး ပညာပေးစခန်းတွင် (၁၁၂)ဧက၊ သင်းဒီးစိုက်ပျိုးရေးပညာပေး စခန်းတွင် (၁၆၂.၁၉)ဧက၊ ထုံကြီး စိုက်ပျိုးရေးပညာပေးစခန်းတွင်(၆၃)ဧက၊ စမာ စိုက်ပျိုးရေးပညာပေးစခန်းတွင် (၃၂)ဧက နှင့် တမုတ် စိုက်ပျိုးရေးပညာပေးစခန်းတွင်(၁၀၉.၁၈)ဧက စုစုပေါင်း(၆၁၆)ဧက စိုက်ပျိုး ထားကြောင်း ရှိရသည်။
သက်မောင်(ခရိုင်ပြန်/ဆက်)