ဝါးခယ်မ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁၈၀၀ အား ဆန် ငါးပြည်နှုန်းဖြင့် ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအား မြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်ငါးပြည်နှုန်းဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့က ဒုတိယနေ့အဖြစ် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။