မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များအား စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ပြုလုပ်

မင်းဘူး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက် ပွဲအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား စွမ်းရည်မြှင့် ဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့၊ အထက(၁)ကျောင်းနှင့် စကုမြို့ အထက (ခွဲ) ကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ “ပြည်ထောင်စု‌ရွေးကောက်ပွဲ ကော်မရှင်၏ အဓိကတာဝန်မှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးရန် ဖြစ်ပါတယ်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ပေးရသော ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် ဖော်ပြပါ ဥပဒေနှင့်နည်းဥပဒေများကို ကျေညက်စွာ နားလည် သဘောပေါက်မှသာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် ယင်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ဥပဒေနှင့်ညီညွတ်မှုရှိသော တစ်နည်းအားဖြင့် လွတ်လပ်၍ တရားမျှတသော ဆောက်ရွက်ချက်များ ဖြစ်ပါမည်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ ဉီးစီးအရာရှိ ဒေါ်ရည်မွန်ဖွေးက ပြောပါသည်။

အဆိုပါ သင်တန်းသို့ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား တစ်ရက်လျှင် သင်တန်းသား/သူ(၇၀)ကျော်ကို မြို့နယ်ရွေး/ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် အများယုံကြည်လေးစားခြင်းခံရသော အဖွဲ့ဝင်များမှ  သုံးရက် ကြာသင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်စိုးဝင်း (မင်းဘူး)