မိုင်းပန် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ရှမ်းပြည်နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းအတွက် ပေးအပ်လာသော Hand Held Mega Phone များအား အသုံးပြု၍ မိုင်းပန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁ဝ)အုပ်စုများအတွင်းသို့ စာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်း အချက်အလက်များအား ယနေ့ နံနက်ပိုင်းက စတင်၍လိုက်လံဆော်သြခဲ့ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက Hand Held Mega Phone များဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ပန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများထံသို့ ပြန်ကြားချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တို့အား ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ပိုမိုသိရှိ နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက စတင်၍ လှည့်လည်ဆော်ဩ လျက်ရှိကြောင်းသတင်းရရှိသည်။
ဆန်းမြင့်(မိုင်းပန်)