အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိအား ရှောင်တခင်စစ်ဆေး

ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိအား ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းရှိ ဘိုကုန်းဈေးနှင့် မဟာသုခိတာ(၂)လမ်းအရှေ့ ကြို့ကုန်း ဈေးများသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး မှူး ဦးဇော်ဝင်းလှိုင်၊ စည်ပင်သာယာရေးကော်မတီမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဒီပါကျော်ဇောဝင်းနှင့် ရုံးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့မှ ရဲအုပ် ရဲဇော်ဦး၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများက ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေး ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)