အင်တော စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ရပ်စောက်-အင်တော-နောင်ချိုကားလမ်းမကြီးနှင့် မြို့မဈေးတို့တွင် အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
အသိပညာလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှု များပြားလာခြင်းတို့ကြောင့် ရပ်ကွက်နေပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်ရန်၊ မဖြစ်မနေသွားလာရပါက မိသားစုတစ်စုလျှင် တစ်ဦးသာ သွားလာရန် လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သမျှရှောင်ကြဉ်ကြရန်၊ အပြင်မှ ပြန်လာတိုင်းနှင့် အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာ(သို့)လက်သန့်ဆေးရည်တို့ဖြင့် စက္ကန့်(၂၀)ကြာ လက်ကို စနစ်တကျဆေးကြောကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့် အသစ်ပြဋ္ဌာန်းထားသော မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရန်ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို သိရှိရန်တို့ကို မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန့်နိုင်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ အင်တောနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ရာဇာလင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများက အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အောင်ခိုင် အင်တော(ပြန်/ဆက်)