မိုင်းစံမြို့၌ ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်း၍ တံတားအမှတ်(၃၄)တွင် တောင်ကျရေနှင့်အတူ အမှိုက်များ သစ်တုံးများဖြင့် ပိတ်ဆို့မှုဖြစ်ပွား

မိုင်းစံ     စက်တင်ဘာ   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ မိုင်းစံမြို့တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ တံတားအမှတ် (၃၄) ပေါ် တွင် တောင်ကျရေနှင့်အတူ အမှိုက်သရိုက်များ၊ သစ်တုံးကြီးများဖြင့် တံတားပိတ်ဆို့မှု ဖြစ်ပွားကာ အသွားအလာများ ခေတ္တပြတ် တောက်ခဲ့ကြောင်း သိရသည်။

တံတားအမှတ်(၃၄)ပေါ်ရှိ အမှိုက်သရိုက်များကို ယနေ့ စက်တင်ဘာလ ၁၆ ရက် ၊ နံနက်(၈)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူး၊  ဌာနဆိုင်ရာဝန်ထမ်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ ၊ တပ်မတော်သားများနှင့် ပြည်သူများက ရှင်းလင်းရေး လုပ်ငန်း များ လုပ်ဆောင်ခဲ့ရာ ယခုအခါတွင် အဆင်ပြေစွာ သွားလာနိုင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားအမှတ်(၃၄)သည် မိုင်းရှူးမြို့နယ်နှင့်  မိုင်းစံမြို့ - ကာလိမြို့များသို့ ဆက်သွယ်ထားသော အဓိကတံတား ဖြစ်သည်။

ခင်ချို(ပြန်/ဆက်)