ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ Take – Away (ပါဆယ်) စနစ်ဖြင့် ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောသိန်းဦးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် (၈) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စား သောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ရောင်း ချခြင်း ရှိ/မရှိနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထိုနောက် ဆိုင်ပိုင် ရှင်များနှင့် တွေ့ဆုံကာ ပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရေး ချမှတ်ထားသော စည်းကမ်းချက်များကို အလေးထားလိုက်နာ ဆောင်ရွက် သွားရန်နှင့် လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်၊၊
ချိုချိုဝင်း(ပြန်/ဆက်)