ဖလမ်း၌ ပြည်ပမှ ပြန်လာသူ(၁၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် Facility Quarantine (၁၄)ရက် ပြည့်သူ (၇)ဦးအား နေအိမ်သို့ ပြန်လည်စေလွှတ်

ဖလမ်း  စက်တင်ဘာ ၁၆

ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပမှပြန်လာသူ(၁၃)ဦး၏ နှာခေါင်း နှင့် အာခေါင်တို့ဖတ်(Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်း မရှိကြောင်း သိရသည်။

အဆိုပါ(၁၃)ဦးသည် တရုတ်နိုင်ငံမှ ပြန်လာသူ(၁၂)ဦးနှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ(၁)ဦးတို့ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပံ္ပကျောင်း၌ Facility Quarantine ဖြင့် အသွားအလာ ကန့်သတ်စောင့်ကြည့်သူ (၂၉)ဦးရှိပြီး စက်တင်ဘာလ (၁၅)ရက်နေ့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း (၁၄)ရက် ပြည့်ပြီးသူ(၇)ဦးကို ကျန်းမာကြောင်း ထောက်ခံချက်ပေးအပ်ပြီး နေအိမ်သို့ ပြန်လည်စေလွှတ်ခဲ့ပြီးဖြစ်သည်။

ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်းတွင် Facility Quarantine ဖြင့် အသွားအလာ ကန့်စောင့်ကြည့်ထားသူ ပြည်တွင်း ပြည်ပမှ ပြန်လာသူ(၈)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်(Swab)ကို ရယူစစ်ဆေး နေဆဲဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူး ဦးရိုနိတ်ခါး၏ ပြောပြချက်အရ သိရသည်။

ဂျွန်(ပြန်/ဆက်)