စေတုတ္တရာ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဘူးကျေးရွာအုပ်စုရှိ ဧရာမင်းစပါး မျိုးစေ့ထုတ် စိုက်ခင်းဧက(၄၀)တွင် မျိုးကွဲ နုတ်ပယ်ခြင်းနှင့်မြေဩဇာ ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ထုတ် စိုက်ခင်း တောင်သူများအား မျိုးကွဲ နုတ်ပယ်သည့် နည်းစနစ်များ၊ အပင်ဖြစ်ထွန်းမှုအခြေအနေ၊ ပိုးမွှား ကျရောက်မှု ရှိ/မရှိ ကြည့်ရှု့စစ်ဆေးသည့်နည်းလမ်းများကို ရှင်းလင်း ပြောကြားကာ မျိုးစေ့ထုတ်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းများနှင့် မြေဩဇာကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့်သုံး စွဲနိုင်ခြင်း၊ ထွက်ရှိလာသည့် ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးကောင်းရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး စေတုတ္တရာမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ ထုတ်စိုက်ခင်း ဧက(၁၀၀)ရှိကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)