မိုးညို စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င် များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အ.ထ.က(မိုးညို)၊တံခွန်ဆောင်တွင် သင်တန်းပို့ချခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောထွန်းဦးက သင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက်နှင့်သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၇)ဦးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့၏ တာ၀န်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများ၊ နိုင်ငံရေးပါတီ များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်၀တ်၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းခြင်း၊ စေ့စပ် ညှိနှိုင်း ရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့်ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်း၊ မဲပေးခြင်း ၊မဲရေတွက်ခြင်း နှင့်ရလဒ်များထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုနှင့်မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာမှုများကိုစီမံခန့်ခွဲခြင်း၊ မီဒီယာနှင့်ဆက်သွယ် ပြန်ကြားခြင်း၊ ရပ်/ကျေးကော် မရှင် အဖွဲ့ခွဲများ၏အခန်းကဏ္ဍ၊ တာ၀န်နှင့်လုပ်ပိုင်ခွင့်များ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့၀င် လုပ်ငန်းလမ်းညွှန်ပါလုပ် ဆောင်ရမည့် ဆောင်ရွက်ရန်နှင့်ရှောင်ကြဉ်ရန်အချက်များ စသည့် သင်ခန်းစာများကို စက်တင်ဘာ (၁၆)ရက်မှ(၁၇)ရက်အထိပို့ချမည်ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကထုတ် ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်ကြား ပို့ချလျက်ရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုမင်း(မိုးညို)