ပလက်ဝ စက်တင်ဘာ ၁၆
ပလက်ဝမြို့၌ စက်သုံးဆီ(ဒီဇယ်ဆီ) ပြတ်လပ်မှုကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု (၄)ရက်ကြာ ယာယီဖြတ်တောက်ခဲ့ ရာမှ ယမန်နေ့ညမှစ၍ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်းထန်းကီး က "ပလက်ဝမြို့မှာ ည(၇)နာရီကနေ (၉)နာရီ အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း ပုံမှန်ဆောင်ရွက်ခဲ့ပေမယ့် စက်သုံးဆီ(ဒီဇယ်ဆီ)ပြတ်လပ်မှုကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ဓာတ်အားဖြန့်ဖြူးမှုကို ယာယီရပ်ဆိုင်းခဲ့ပါတယ်၊ အခု စက်တင်ဘာလ ၁၅ ရက်နေ့မှာ စက်သုံးဆီသယ်ယူတဲ့ကား ရောက်လာတဲ့အတွက် ဓာတ်အားဖြန့်ဖြူမှုကို ပုံမှန်အတိုင်း ဖြန့်ဖြူးပေးလျက်ရှိပါတယ်" ဟုပြောကြားသည်။
အောင်ကျော်(ပြန်/ဆက်)