ခါမ်းပါတ် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ထင်းဇင်ကျေးရွာအုပ်စု၊ ကမ္မကြီးကျေးရွာတွင် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ် မည်ဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးရုံးမှ သိရသည်။
လယ်မြေဧက (၁၀၀၀) ကျော်အတွက် အရေးပါသည့် အဆိုပါကုန်ထုတ်လမ်းသည် အရှည် (၃) မိုင်ခန့်ရှိကာ ချောင်းကျောက်ခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ လမ်းဖောက်လုပ်ပေးခြင်းများဖြင့် ဒေသခံလယ်သမားများ၏ လယ်ယာ ထုတ်ကုန်များ အချိန်မှီ ဈေးကွက်အတွင်းသို့ တင်ပို့ ရောင်းချနိုင်ကြမည်ဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)