ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟိုပုံး စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံမြို့တွင် ရွေးကောက် ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ() နာရီခွဲ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားရာတွင် လာမည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလနှင့်အကြိုကာလတွင် ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာလုပ်ငန်းစဉ်များစပ်လျဉ်း၍ အငြင်းပွားမှု/ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်းညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။ 

ယင်းနောက်အစည်းအဝေးသို့တက်ရောက်လာသော  နိုင်ငံရေးပါတီ ကိုယ်စား လှယ်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးအောင်ကျော်သူ နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း၊ အစည်းအဝေးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

နန်းခမ်းခြူး (ဟိုပုံး)