ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ

ဟိုပုံး    စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက် နယ်မြေ() နယ်မြေ()နှင့် နယ်မြေ()တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့နံနက်()နာရီမှစတင်၍ နေအိမ် တစ်အိမ်တက် ဆင်း  နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် မဖြစ်မနေနှာခေါင်းစည်းများတပ်ဆင်သွား လာကြရန်၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီလိုက်နာကြရန် အသိပေးပြောကြားပြီး လမ်းသွားလမ်း လာပြည်သူများနှင့် နေအိမ်တစ်အိမ် တက်ဆင်းဆောင်ရွက်၍ Surgical Mask(၁၁၀၀)ခု၊ အဝတ်ဖြင့် ပြုလုပ် ထားသော နှာခေါင်းစည်း (၄၀၀)ခု  စုစုပေါင်း (၁၅၀၀)ခုနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

နေမင်းထွန်း(ဟိုပုံး)