ဘီးလင်း စက်တင်ဘာ ၁၇
ဘီးလင်းမြို့နယ်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်ခြင်းကို ယမန်နေ့ မှစတင်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် ၈၅ နှစ် အထက်ရှိ ဘိုးဘွားများအား ၃လတစ်ကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ထောက်ပံ့ပေး လျက်ရှိရာ ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ ၃ လပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းအပြင် COVID-19 ကာလ အပိုဆောင်းထောက်ပံ့ငွေကျပ် ၃၀၀၀၀ စီကိုလည်း ယခုလတွင် ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ဘီးလင်းမြို့နယ်၌ ဘိုးဘွား(၇၃၅)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ၄၄၁ သိန်းကို မြို့နယ် အထွေထွေအုပ်ချပ်ရေးဦးစီးဌာနမှတစ်ဆင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး လျက်ရှိ ကြောင်းသိရ သည်။
ထူးနောင် (ပြန်/ဆက်