သရက်ချောင်း စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် ဖြင့် ပိန်းတောကျေးရွာအုပ်စု မဲနယ်အိုး ကျေးရွာ၌ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများ အား စစ်ဆေးခြင်းနှင့်(STORM BB) ကြွက်သတ် ဆေးပက်ဖျန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုး ၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းနှင့် တိုင်း/ခရိုင်သီး နှံကာကွယ်ရေးဝန်ထမ်းများ က ကြွက်ကျရောက် ဖျက်ဆီးနေသည့်မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း ကြွက်အန္တရာယ်ကြိုတင် ကာကွယ် နှိမ်နှင်းနည်း နှင့်ကြွက်သတ် ဆေး စနစ်တကျသုံးစွဲပုံတို့ကို အသိပညာပေးဆွေးနွေးပြီးနောက် စိုက်ပျိုးတောင်သူများနှင့်ရင်းရင်းနှီးနှီး ပူးပေါင်း၍ ကြွက်သတ်ဆေးသုံးစွဲခြင်းအား လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သရက်ချောင်း(ပြန်/ဆက်)