လှိုင် စက်တင်ဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင် မြို့ နယ်တွင်ဖွင့်လှစ်ထားရှိသော Hlaing Quarantine Center (1)တွင် ယမန်နေ့နံနက်၈နာရီကလှိုင် မြို့ နယ် ကိုဗစ်-၁၉ အရေးပေါ်ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးကိုဗစ်-၁၉ ပေါင်းစပ်ကုသရေးအဖွဲ့ ဆေးတက္က သိုလ်(၁)ပါမောက္ခချုပ်ဒေါက်တာ ဇော်ဝေစိုး၊ဒုပါမောက္ခချုပ် ဒေါက် တာမြင့်မြင့် ငြိမ်း၊ဒေါက်တာစုစုလှိုင် ရန်ကုန်တောင်ပိုင်းခရိုင် ၊ဦးစီးမှုး (ပြည်သူ့ ကျန်းမာရေး)လှိုင်ကွာ ရန်တင်းစင်တာ (၁)တာဝန်ခံတို့တွေ့ဆုံပြီးဗစ်- ၁၉ ကုသရေးဌာန အဖြစ် ပိုးတွေ့လူနာများအား စတင် လက်ခံ ဆောင်ရွက်သွားရန်ဆွေးနွေးဆုံး ဖြတ်ခဲ့ကြပါသည်။ ရန်ကုန် တိုင်းအတွင်းရှိကိုဗစ်ပိုးတွေ့လူနာများအားထိရောက်စွာ ကုသပေးနိုင် ရန်အတွက်လှိူင်ကွာရန်တင်း စင်တာ (၁)အားကုသရေးဌာနအဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်ပြီးဌင်း ကုသရေး ဌာနကို လူနာ ၅၀၀အထိ ထားရှိနိုင်သော ကုသရေးဌာန အဖြစ်ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ ကျန်ရှိသောလှိုင်ကွာ ရန်တင်း စင်တာ(၂)၊(၃)၊မင်းဓမ္မကွာရန်တင်း စင်တာများအားကွာရန်တင်းစင်တာအဖြစ်ဆက်လက်အသုံးပြုသွားမည် ဖြစ်၍ဌင်းစင်တာများတွင်ပြည်ပမှ ပြန်လာသူများ၊ပိုးတွေ့သူများနှင့်ထိတွေ့ခဲ့သော ကွန်တက်ပါစင် (Contact Person)များအားယခင် အတိုင်းလက်ခံဆောင်ရွက် သွားမည် ဖြစ်ပါသည်။
ယင်းစင်တာများအား ကိုဗစ်စတင်ဖြစ်ပွားချိန်မတ်လမှစ၍ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှု စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီ၏ ပံ့ပိုးကူညီမှုများဖြင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီးစောင့်ကြည့်လူနာများအား ထားရှိခဲ့ခြင်းဖြစ်ပါသည်။ ကုသရေးစင်တာနှင့်စောင့်ကြည့်ရေးစင်တာ တာဝန်ကျများ၊ စောင့်ကြည့်လူနာများ၊ နေရပ်ပြန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်းများ၏ နေထိုင်စား သောက်မှု၊အခြေခံ လိုအပ်ချက်များ အားရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီတို့ကတာဝန်ယူ ပံ့ပိုး ပေး၍အလှူရှင်များကလည်းပံ့ပိုးကူညီပေးလျက်ရှိကြောင်းသတင်း ရရှိ ပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)