ပင်လည်ဘူးမြို့၌ ပြည်တွင်း ပြည်ပပြန် Facility Quarantine ထားရှိသူများအား နှာခေါင်းနှင့်အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများရယူ

ပင်လည်ဘူး စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ပြည်တွင်း ပြည်ပပြန် Facility Quarantine ကန့်သတ်စောင့်ကြည့်ထားရှိသူ ၉ ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ နှာခေါင်းနှင့် အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများရယူမှုများကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပြလုပ်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ နှာခေါင်းစည်းနှင့် အာခေါင်တို့ပတ်များကို မန္တလေးမြို့ ပြည်သူကျန်းမာရေးဓာတ်ခွဲမှုဌာနသို့ ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။

ပင်လည်ဘူးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Community Based Facility Quarantine ထားရှိသည့် နေရာ ၁၄ နေရာ ပြုလုပ်ဆောင်ရွက်ထားရှိပြီး  ပြည်တွင်း ပြည်ပ ကန့်သတ်‌နယ်မြေမှပြန်လာသူ ၁၆ ဦးရှိကာ Facility Quarantine ကန့်သတ် စောင့်ကြည့်ထားရှိသူ ပြည်တွင်းပြည်ပပြန်များအား နေ့‌စဉ်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)