သံတောင်ကြီးမြို့နယ်အတွင်းရှိ Quarantine Centre များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း (Volunteer)များအား ထောက်ပံ့ငွေပေးအပ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ Quarantine Centre များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။