ငါန်းဇွန်၊ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ တိုင်းဒေသကြီးအစိုးရမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့အတွက် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ယမန်နေ့ည ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပေးကြေညာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မန္တလေတိုင်းဒေသကြီးအစိုးရမှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့် မိမိအိမ်တွင် နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးထိတွေမှုမရှိခြင်း၊ မဖြစ်မနေ အပြင်သို့သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ ပွဲလမ်း သဘင်များ၊ လူမှုရေးလုပ်ငန်းများ စသည်တို့ကို ခေတ္တယာယီပိတ်သိမ်းထားရန်၊ မန္တလေးတိုင်းဒေသကြီး အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိသူများအားလုံးကို Community Based Facility Quarantine (၁၄) ရက်နှင့် Home Quarantine (၇)ရက် ထားရှိဆောင်ရွက်ရန်၊ နေ့စဉ် ည (၁၂) နာရီမှ နံနက် (၄) နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကို ဆက်လက်ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးအသွင်အဖြစ်မှတ်ယူပြီး လိုက်နာဆောင်ရွက်ပေးပါရန်နှင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ဤအသိပေးကြေညာချက်ဖြင့် လွှမ်း မိုးပယ်ဖျက်ပါကြောင်း ပြည်သူများသိရှိစေရန် အသိပေးကြေညာထုတ်ပြန်ချက်အား မြို့ပေါ်ရပ်ကွက် အသီး သီးသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)