စစ်ကိုင်းတိုင်းသေကြီး၊ ဖောင်းပြင်မြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိမရှိစစ်ဆေး

ဖောင်းပြင် စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ အနေဖြင့် ဆိုင်ထိုင်ရောင်းချခွင့်ပြုရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ ရောင်းချကြရန် စည်းကမ်းချက်များ ထုတ်ပြန်ထားရှိရာ အဆိုပါ ဆိုင်များအား စည်းကမ်းချက်များအတိုင်း ရောင်းချနေခြင်းရှိမရှိ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည် ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူများနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတို့က ယမန်နေ့က လိုက်လံ စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ရောင်းချသူတွေအနေနဲ့ ဆိုင်အပြင်အဆင်အား လေကောင်းလေသန့်ရရှိ စေရေး၊ ငါးဦးထက်မပိုသော စားပွဲဝိုင်းတွင် တစ်ဦးနှင့်တစ်ဦးကြား တိုက်ရိုက်ထိတွေ့မှု မဖြစ်ပေါ် စေရန် ကာရံမှုတစ်စုံ တစ်ရာပြုလုပ်ထားရှိရန်၊ စားသုံးသူများအား လက်ဆေးပြီးမှ ဆိုင်ထဲသို့ ဝင်ခွင့်ပြုရန်နှင့် နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ဆိုင်ထဲသို့ဝင်ခွင့်ပြုရန်၊ ဆိုင်၌ နှာခေါင်းစည်း များကို အဆင်သင့်ဝယ်ယူထားရှိပြီး နှာခေါင်းစည်းပါရှိမလာသူများကို သင့်တော်သည့် နှုန်းထား အတိုင်း ပြန်လည်ရောင်းချကြရန် စည်းကမ်း ချက်ထုတ်ပြန်ထားမှုအပေါ် လိုက်နာမှုရှိမရှိ စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ စည်းကမ်းချက်များအတိုင်း ဆက်လက်ရောင်းချခြင်းမရှိသည့် ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)