ညောင်ရွှေမြို့နယ်အတွင်း ညမထွက်ရအမိန့် ထပ်မံရက်တိုးမြှင့်ထုတ်ပြန်

ညောင်ရွှေ     စက်တင်ဘာ     ၁၇

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် အများပြည်သူတို့၏ လူမှုစီးပွားဘဝ ထိခိုက်စေသည်သာမက အသက်အန္တရာယ်ကိုပါ ထိခိုက်နစ်နာစေနိုင်သည့်အတွက် အများ ပြည်သူ အကျိုးစီးပွားအလို့ငှာ ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ခိုင်ထွန်း လက်မှတ်ရေးထိုး၍ ညမထွက်ရ(Curfew) အမိန့်အား ထပ်မံရက်တိုးမြှင့် ကြောင်း အမိန့်စာအမှတ် (၁၃/၂၀၂၀) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအမိန့်စာတွင် (၁၆.၉.၂၀၂၀)ရက်နေ့မှစတင်၍ နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီ အတွင်း ညမထွက်ရအမိန့်အား ထပ်မံရက်တိုးမြှင့် ထုတ်ပြန်လိုက်သည်။ အမိန့်စာသည် ထုတ်ပြန် သည့်နေ့မှစ၍ (၂)လအတည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံ ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

စိုင်းအယ်ဘဲ