ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၅၂၄၆၇)စုအတွက် ပဉ္စမအကြိမ် ထောက်ပံ့ငွေများပေးအပ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီအချိန်တွင် ရွှေပြည်သာ မြို့နယ်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။