မိုင်းကိုင် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဆင့်ပွားသင်တန်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်၊ အတွင်းရေးမှူး ဦးသိန်းနိုင် တို့က သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲစာရင်းများ၊ မဲရုံတည်နေရာ၊ ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏ အခွင့်အရေး၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ ရွေးကောက်ပွဲ မဲပေးပုံအဆင့်ဆင့်၊ မဲရေတွက်ခြင်း၊ အတည်ပြုခြင်း၊ ရလဒ်ကြေညာခြင်းစသည့် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းခဲ့ရာ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု ၂၉ အုပ်စုတို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မိမိတို့သိရှိလို သည်များကို ပြန်လည်ဆွေးနွေးမေးမြန်းကာ ဆင့်ပွားသင်တန်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)