အောင်လံမြို့နယ်တွင် ထောက်ပံ့ကြေးမရရှိသေးသော(ထပ်တိုး) မသန်စွမ်းများအားထောက်ပံ့ငွေပေးအပ်

အောင်လံ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ထောက်ပံ့ကြေး မရရှိသေးသော (ထပ်တိုး) မသန်စွမ်းများ အတွက်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ဖြူပြာနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လွင်လွင်ထွန်းတို့က ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကို ပေးအပ်ခဲ့သည်။                        

ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းမှစ၍ ပေးအပ် မည်ဖြစ်ကြောင်းနှင့် အောင်လံမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေးမရရှိသေးသော (ထပ်တိုး) မသန်စွမ်းသူဦးရေ (၆၂၆)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ကြေးငွေကျပ်− ၃၀၀၀၀/- နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ကြေးငွေကျပ်− ၁၈၇၈၀၀၀၀/− (ကျပ်တစ်ရာရှစ်ဆယ့်ခုနှစ်သိန်းရှစ်သောင်းတိတိ) အားတစ်ဦးချင်းစီ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)