ဘောဂလိ၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိဒေသထွက် ရာသီသီးနှံတစ်ခုဖြစ်သော ချဉ်ပေါင်ဖာလာသီးများပေါ် ချိန်ရောက်ရှိလာ၍ ဒေသခံပြည်သူများ စတင်ခူးယူနေပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ချဉ်ပေါင်ဖာလာသီးများမှာ စက်တင်ဘာလလယ်တွင် စတင်ရင့်မှည့်ပြီး ဒေသခံများကရင့်မှည့် သောအသီးများကိုသာ စတင်ခူးယူ၍ အစိမ်းရောင်းချခြင်းမရှိဘဲ အခြောက်လှန်း၍ အခွံအုပ်ခြောက်နှင့် အစေ့ခြောက်ဟူ၍ နှစ်မျိုးရောင်းချကြောင်း သိရှိရပါသည်။ ယခု ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် ဝယ်လိုအားကျဆင်းလျက်ရှိခြင်းကြောင့် အခွံအုပ်ခြောက် တစ်ပိဿာလျှင် ပေါက်ဈေး ကျပ် (၅၀၀၀)ခန့်သာရရှိကြောင်း သိရှိရသည်။
သံတောင်ကြီး၊ လိပ်သို ဒေသထွက် ချဉ်ပေါင်ဖာလာများအနက် ဘောဂလိဒေသထွက် ချဉ်ပေါင်ဖာလာ အမျိုးအစားသည် ဈေးကောင်း ပို၍ရရှိ ကြောင်း သိရှိရပါသည်။
နီလာအေး (ပြန်/ဆက်)