နန်းယွန်း စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ အ.ထ.က ကျောင်းတွင် ကန့်သတ် စောင့်ကြည့်ထားသော ရန်ကုန်မှ ပြန်လာသူများထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ် (Swab) နမူနာများ ရယူစစ်ဆေးရာ ၎င်းတို့၏ ဓာတ်ခွဲနမူနာအဖြေမှာ ကိုဗစ်-၁၉ ရောဂါပိုးမရှိ (All negative) ဖြစ်ကြောင်း ယမန်နေ့ညနေပိုင်းက သိရသည်။
အဆိုပါ ရန်ကုန်မှ ပြန်လာသူများမှာ နန်းယွန်းမြို့နယ်မှ (၁၂) ဦး၊ ဒုံဟီးမြို့မှ (၃) ဦး စုစုပေါင်း (၁၅) ဦး ဖြစ်ကြောင်း၊ အဆိုပါ ရန်ကုန်မှ ပြန်လာသူများ၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်(Swab)နမူနာ ရယူစစ်ဆေးမှုများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့်ထံမှ သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)