မြို့သစ် စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန် အသိပေးအကြောင်း ကြားထားကြောင်း မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့သစ်မြို့နယ်အတွင်းရှိ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား ယခင်ခွင့်ပြုခဲ့သော ဆိုင်ထိုင်စားသောက်ခြင်းမဟုတ်ဘဲ ယနေ့မှစတင်ကာ Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန် အသိပေးအကြောင်းကြားခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိပါက ဒဏ်ငွေတပ်ရိုက်ခြင်း၊ တည်ဆဲဥပဒေအရ အရေးယူခြင်း၊ ဆိုင်များကိုပါ ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားစာတွင် ပါရှိသည်။
တမူးခရိုင်၊ မြို့သစ်မြို့တွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးအကြောင်းကြားခြင်းသည် ဒုတိယအကြိမ် မြောက် ဖြစ်ကြောင်းလည်း မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ထွန်းမင်းအောင် (ကဘော်မြေ)