ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မျိုးစပါးမျိုးစေ့ ထုတ်ဧက (၃၀၀) အတွက် ထောက်ပံ့ငွေကျပ် ၄၄၅.၅ သိန်းအား ကျေးရွာ အုပ်စုအလိုက် ပေးအပ်

ဟုမ္မလင်း  စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဟုမ္မလင်းမြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တာဝန်ကျသည့် ကျေးရွာများသို့ ချင်းတွင်းမြစ် အထက်ပိုင်း မောင်းခမ်းကျေးရွာ၊ လွှစင်ကုန်းကျေးရွာ၊ ဟဲခမ်းကျေးရွာ၊ နောင်ပိုအောင် ကျေးရွာ၊ ယက်ဖကျေးရွာ၊ မှိုင်းဝယ်ကျေးရွာ၊ ကက်သာကျေးရွာ စသည့်ကျေးရွာအုပ်စုအလိုက်နှင့် မြို့နယ်ရုံး မျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များ ပေးအပ်ဆောင်ရွက်ကြ ကြောင်းသိရသည်။

အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ လ (၉) ရက်မှ (၁၅) ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး၊ မျိုးစပါးမျိုးစေ့ထုတ်ဧက (၃၀၀) အတွက် ထောက်ပံ့ငွေကျပ် (၄၄၅.၅) သိန်းအား ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ကျေးရွာအုပ်စု အလိုက်ကွင်းဆင်း၍ တောင်သူများ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)