ပုလဲ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀၀၀ ကျော် အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံသို့ လွှဲပြောင်းပေးအပ်ပွဲ ကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က ပုလဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀၀၀ ကျော်အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများကို အိမ်ထောင်စုများထံသို့ လက်ရောက် ပေးအပ်နိုင်ရေးနှင့် နိုင်ငံ တော်ဘဏ္ဍာ လေလွင့်မှု မရှိစေရေးအတွက်ကိုလည်း စုရပ်(၄)ခုခွဲ၍ ဌာနဆိုင်ရာများ၏ ကြီးကြပ ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုများ လက်ဝယ် အရောက် ပေးအပ်နိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၉ အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၃၃၆၉၂ စုအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၇၃၈၄၀၀၀၀ ကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး (ပြန်/ဆက်)