မြောင်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရပ်ကွက်ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသုံးဆောင် ပစ္စည်းများ ပေးအပ်

မြောင် စက်တင်ဘာ   ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြိို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ  မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများအတွက် အသုံးဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ပေးအပ်ခဲ့သည်။

ကျွန်တော်တို့အနေဖြင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရော ဂါ အတွက် အသုံးဆောင်ပစ္စည်းများအား ထောက်ပံ့ ပေးခဲ့ပါတယ်၊ ဒါကို ကျနော်တို့ အနေဖြင့် ရပ်ကွက်ကျေးရွာများသို့ အချိန်နဲ့တပြေးညီ ဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ် ဟု မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ပြောပြသည်ကို သိရှိရပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Hand Speaker(၁)ခု၊ Mask (၅၀) ပါတစ်ဘူး နှင့် PPE ဝတ်စုံ (၁) စုံတို့ ရပ်ကွက်ကျေးရွာ (၅၂) အုပ်စုထံသို့ ဖြန့်ဝေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တင်ကိုကို(မြောင်)