တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ထားဝယ်    စက်တင်ဘာ ၁၈


တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ညနေပိုင်းအချိန်များတွင် ရက်သတ္တပတ်(၁)ပတ် လျှင်(၄)ရက်နှုန်းဖြင့် လှည့်လည်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများ စိတ်အေး ချမ်းမြေ့စွာနေထိုင်နိုင်ရန် ဒုစရိုက်မှုများ၊ ခိုး၊ ဆိုး၊ လုယက်မှုများ၊ အကြမ်းဖက်ကျူးလွန်မှုများမဖြစ်ပွားစေရေး၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းအပေါ် ဖောက်ဖျက်ကျူးလွန်မှုမဖြစ်ပွား စေရေးတို့အတွက် မြို့နယ်/ရဲစခန်း အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ရပ်ကင်း၊ဝပ်ကင်းများ၊ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များတွင် ယာဉ်များဝင်ထွက်သွားလာမှုများအား စနစ်တကျပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်မှုများကို တိုင်းဒေသကြီးအတွင်းရှိခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများက အနီးကပ်လိုက်လံ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)