သရက်ချောင်း စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက် ၉နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းတွင် သရက်ချောင်းမြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှုထို၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဒေါ်သဥ္ဇာလွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ပိုင်ခွင့်နှင့် တာဝန်၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ ကြိုတင်မဲပေးခြင်း၊ နိုင်ငံရေးပါတီများလိုက်နာရမည့်ကျင့်ဝတ်များ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ နိုင်ငံသားပြစ်မှုဥပဒေ၊ သတင်းနှင့်မီဒီယာ အခန်းကဏ္ဍ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ဘာသာရပ်အလိုက်သင်ကြားပို့ချခဲ့ကြသည်။
သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ (၁)ကြိမ်လျင် (၂၂)ဦးနှုန်းဖြင့် (၂)ကြိမ်ဖွင့်လှစ်ပို့ချပေးခဲ့ပြီး စက်တင်ဘာ (၁၈)ရက်နေ့တွင် (၂)ကြိမ် ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)