တောင်ကြီး စက်တင်ဘာ ၁၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန် အတွက် တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အမှတ်(၁၅)အခြေခံပညာ အလယ်တန်းကျောင်း ကံ့ကော်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ကြိုတင်ဆန္ဒမဲပေးခြင်း၊မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာ ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှု များဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာမှုများကို စီမံခန့်ခွဲခြင်း၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါလုပ်ဆောင်ရမည့် ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးပို့ချကာ မဲရုံတစ်ရုံ၏ ဖွဲ့စည်းထားရှိမှုကိုလည်း လက်တွေ့ခင်းကျင်းပြသ သရုပ်ပြသွားမည်ဖြစ် ကြောင်း၊ သင်တန်းနည်းပြ များအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်စိုး၊ အတွင်းရေးမှူး ဦးကျော်သူရ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ ဒေါ်ယဉ်ယဉ်မိုး နှင့် ဒေါ်ခင်စောလှ တို့မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သင်တန်း သားများအဖြစ် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက တက်ရောက်ကြမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စက်တင်ဘာ ၁၇ ရက်နေ့ မှ ၁၈ ရက်နေ့ထိ နှစ်ရက်တာကာလအတွင်း တစ်ရက်စီလျှင် နှစ်သုတ်ခွဲ၍ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့၀င်များက ယမန်နေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င် (တောင်ကြီးမြို့နယ်တာ၀န်ခံ) များဖြစ်သည့် ဒေါ်စိန်ပေါ်နှင့် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်သန်းဦးတို့က ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း ကောင်း ရောက်ရှိကာကြီးကြပ်ပေါင်းစပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင် ပြန်/ဆက်