မေတ္တာ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက ရုံးအရှေ့မြေစိုက်ဘုတ် များတွင်ကိုဗစ်-၁၉ ရောဂါ အသိပညာ ပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာ ပေးစာစောင်များနှင့် ဒေသလှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများကို ပြသဆောင် ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားဖို့ ကြိုတင် ကာကွယ်နိုင်ရန် မိမိကစ၍ ကာကွယ်ရန်နှင့်၊ နှာခေါင်းစည်းတပ်ဆင်၍ ပြင်ပထွက်ခွာရန်၊ လူစုလူဝေးရှောင်ရှားရန်စသည့် ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်ရောဂါကူးစက်မှု ဖြစ်ပွားစေရေးရှောင်ရန်၊အချက်များ၊ လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ် ရေးအသိပညာပေးစာစောင်များနှင့် ဒေသလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ပြည်သူများ သိရှိနိုင်ရန် အသိပညာပေး ပြသဆောင်ရွက်ထားကြောင်းသိရ သည်။
ရန်နောင်စိုး မေတ္တာ(ပြန်/ဆက်)