ရှမ်းရွာသစ်၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ) အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ခံစားခွင့်ရရှိသော အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို ယမန်နေ့က မဲသမကျေးရွာနှင့် ကွီးလေး ကျေးရွာတို့တွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မဲသမူးကျေးရွာအုပ်စုရှိ လူမှုရေး ပင်စင်ခံစားခွင့်ရရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၂၂)ဦးနှင့် ကွီးလေး ကျေးရွာ အုပ်စုရှိ သက်ကြီးဘိုးဘွား(၆)ဦး တို့ အတွက် လစဉ်နိုင်ငံတော်မှ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် (၃)လစာ အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၄၀၀၀၀/-) ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များတို့က အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)