ရွှေဘို စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် (Mask) တပ်ဆင်ခြင်းမရှိသူ (၁၀) ဦးအား တရားရုံမှ ငွေဒဏ်များချမှတ်ခဲကြောင်း ရွှေဘိုမြို့မစခန်းမှုး ဒုရဲမှူးသိန်းဆန်းဦး ထံမှသိရသည်။
ယမန်နေ့ နေလည်(၁)နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အပြင်ထွက်လျင် ပါးစပ်/ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ညွှန်ကြားချက်အား လိုက်နာခြင်းရှိ/မရှိ ကို ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးချစ်စန်းမောင်နှင့်အဖွဲ့၊ ကျန်းမာရေးဦးစီးမှူး ဦးအောင်လင်းနှင့်အဖွဲ့၊ ဒုရဲအုပ်မောင်မောင်လွင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စုပေါင်းအဖွဲ့သည် အမှတ် (၄) ရပ်ကွက် မြို့မဈေးထိပ်တွင် စစ်ဆေးခဲ့ရာ မတင်မာဆွေ(ပါ) ၁၀ဦး (Mask) တပ်ဆင် ထားခြင်း မရှိသည့်အတွက် ဖမ်းဆီးခဲ့သည်။
သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အပြင်ထွက်လျင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ညွှန်ကြား ချက်အား လိုက်နာခြင်းမရှိသည့် မတင်မာဆွေ (ပါ) ၁၀ဦး တို့အား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူနိုင်ရေး မြို့နယ်ကျန်းမာရေးဦးစီးမှူး ဦးအောင်လင်းမှ တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးမှ မတင်မာဆွေ(ပါ)၁၀ဦးအား ဒဏ်ငွေ (၃၀၀၀) ကျပ်စီ ချမှတ်ခဲ့ ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)