မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့် ရှုစစ်ဆေး

                                             မလှိုင်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့ အတွက် မြို့အဝင်၊ အထွက်နေရာ များတွင် ယာဉ်စစ်ဆေး ရေး ဂိတ်များချထား ဆောင်ရွက်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများ က ယမန်နေ့ကသွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည် ။
အဆိုပါနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ် တုံပြန်ရေး ကော်မတီဝင်များသည် ယာဉ်စစ်ဆေးရေး ဂိတ်များချထားသည့် မိတ္ထီလာမြို့ဖက်မှ အဝင် ကုန်းတဲဂိတ် (ထွန်းညိုလူဂိတ်ဟောင်း) နေရာနှင့် တောင်သာ-မြင်းခြံ အထွက်တွင် ချထားသော ပန်းအိုင်ဂိတ်များသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဂိတ်တာဝန်ကျ သူများမှ ယာဉ်ပေါ်လိုက်ပါလာသူများ အား ကျန်းမာရေးအတွက် အပူချိန်တိုင်းတာပေးခြင်း ၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်း၊ ခရီးသွားရာဇဝင်နှင့် နေရပ်လိပ်စာ ၊ ဆက်သွယ် နိုင်မည့် ဖုန်းနံပါတ်များ မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
ဂိတ်များတွင် ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ဌာနဆိုင်ရာများ၊  မြို့နယ် ယာဉ် လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ Saving Mahlaing နှင့် QCSG အဖွဲ့တို့မှ စေတနာ့ဝန်ထမ်းများက အလှည့်ကျ ပူးပေါင်းဆောင်ရွက် နေမှုတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးကာ လိုအပ်သည် များကိုဖြည့်ဆီး ပေးခဲ့ကြောင်းသိရသည်။  


အောင်ဌေး(မလှိုင်)