နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း စက်တင်ဘာ ၁၈

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MT.K K NO.3 သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ တရုတ်နိုင်ငံမှလာရောက်သည့် M.V  SUNLEAF STAR သင်္ဘောပေါ်မှ သင်္ဘောသား(၁၂)ဦး ၊စင်္ကာပူနိုင်ငံမှလာရောက်သည့် MT DAEHO SUNSTAR သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး၊ မိုဇမ်ဗစ်နိုင်ငံမှလာရောက်သည့် MT MELATI-4 သင်္ဘောပေါ်မှ သင်္ဘောသား(၁၈)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV GRAND EAGLE သင်္ဘောပေါ်မှ သင်္ဘောသား (၁၀)ဦး၊ စုစုပေါင်းသင်္ဘောငါးစီးပေါ်မှ သင်္ဘောသား (၅၂)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်းသိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား.(၅၂)ဦးမှာ  ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိ နေသည့် MT.K K NO.3 သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် အင်ဂျင်နီယာဦးအောင်နေဇော် ပါ သင်္ဘောသား (၇)ဦး ၊ M.V  SUNLEAF STAR သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်ဖုန်းသိုက် ပါ  သင်္ဘောသား (၁၃) ဦး၊ MT DAEHO SUNSTAR သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမိုးဇေယျ ပါ  သင်္ဘောသား (၅) MT MELATI-4 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးနေဝင်းကျော်ကျော် ပါ  သင်္ဘောသား (၁၆)ဦး ၊ MV GRAND EAGLE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန့်ဇင်ဦး  ပါ  သင်္ဘောသား (၁၀) တို့ဖြင့်  တာဝန်လွဲပြောင်းယူခဲ့သူများဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား.(၅၂)ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့နှင့်မြိတ်မြို့များ တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)