ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုနှင့် ကွီးလေးကျေးရွာအုပ်စုတို့တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်

ရှမ်းရွာသစ်   စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာနှင့် ကွီးလေး ကျေးရွာတို့တွင်  လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က နိုင်ငံတော်အစိုးရ အနေနဲ့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ မိသားစု စားဝတ်နေရေးအဆင်ပြေစေ ရေးနှင့် အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့မှုအပေါ် ယခုလိုငွေကြေး ထောက်ပံ့ပေး အပ်ရခြင်း ဖြစ်ကြောင်း စသည်ဖြင့်  ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး နောက် မဲသမူးကျေးရွာအုပ်စုရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၂)စုတို့အတွက် တစ်စုလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၆၄၀၀၀၀/-)ကိုလည်းကောင်း၊ ကွီးလေးကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၁၈၃)ဦး တို့အတွက် စုစုပေါင်းငွေကျပ် (၃၆၆၀၀၀၀/-)ကို  မြို့အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)