လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ငွေကျပ်သိန်း(၂၀)လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)   စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံ သို့ အလှူရှင်များ လာရောက်လှူဒါန်ထားသည့် ငွေကျပ်သိန်း(၂၀)အား လွှတ်တော်ကိုယ်စားလှယ်များမှ လှိုင်သာယာ မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံသို့ ယမန်နေ့ ညနေပိုင်းက လှိုင်သာယာမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်တို့က လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပြီး လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)