ကလေးမြို့တွင် နေအိမ်ပြည်ပသို့ ထွက်ခွာသူများ Mask မတပ်လျှင် အရေးယူဆောင်ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စက်တင်ဘာလ (၁၉) ရက်နေ့မှ စတင်၍ ပြည်သူများအနေဖြင့် Mask တပ်ဆင်ခြင်းမပြုဘဲ မိမိနေအိမ်ပြင်ပသို့ ထွက်ခွာလာပါက သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကွယ်ရေးလုပ်ငန်းများတွင် စေတနာ ့ဝန်ထမ်းများအဖြစ် ပါဝင်ထမ်းဆောင်‌‌ နေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်း များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနေရာ၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြန်မာငြိမ်ချမ်း ရေးနှင့် လုံခြုံရေးသိပ္ပံမှ တာဝန်ရှိသူများက လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။

ဗန်းမောက်မြို့နယ်တွင် အစားအသောက်ရောင်းချသည့် ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့နည်းပပျောက်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အစားအသောက် ရောင်းချသည့်ဆိုင်များ ပါဆယ် စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့ ည ၈ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြိုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ မြင့်တက်လာသည့် နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍ လာရှိုး-မန္တလေးသွားပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ ကျောက်မဲမြို့ အဝင် လမ်းများထဲမှ ပင်လုံလမ်းတစ်လမ်းတည်းသာ ဖွင့်လှစ်ပေးပြီး ကျန်လမ်း များကို ပိတ်ဆို့ထား၍ အဆိုပါ ပင်လုံလမ်းထိပ်၌ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ထားရှိကာ မြို့အတွင်း ဝင်ရောက်သူ ခရီးသည်များ၏ ခရီးသွားရာဇဝင်များရယူခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့် ဒေသမှပြန်လာသည့်သူများကို အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ထားရှိပြီး အသွား အလာကန့်သတ်၍ စောင့်ကြည့်ထားသည်။

သုံးခွမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို  ယမန်နေ့ ညနေ(၃) နာရီတွင် သုံးခွမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနံရံကပ်စာစောင်ပြသခြင်းနှင့်Online တင်ဆက်မှု အသိပညာပေး ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူကုန်ကူးမှုအန္တ ရာယ်တားဆီး ကာကွယ်ရေး နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်း နှင့်Onlineအစီအစဉ် ရိုက်ကူးတင်ဆက်မှု ကို ပြည်သူ့စာကြည့် တိုက်၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်းသိရသည်။

မုံးကိုးမြို့၌ နှာခေါင်းစည်းမတပ်ဆင်ဘဲ ပြင်ပသွားလာသူများအား အခုဝယ်၊ အခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ပြီး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မိုင်းရှူးမြို့၌ ဖွင့်လှစ်ထားသည့်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှ စည်ပင်သာယာ ကြီးကြပ်မှုအတွင်း ဖွင့်လှစ်သည့်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၌ ရေမြောင်းစင်္ကြန် (Drain Platform) လုပ်ငန်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေမြောင်း စင်္ကြန်(Drain Platform)လုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to