ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၆၄၃၅)ဦး အား သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေးနိုင်ခဲ့

လားရှိုး          စက်တင်ဘာ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့်  ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ် များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထား ခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ စက်တင်ဘာလ (၁၈)ရက်နေ့တွင် အမျိုးသား (၁၀၆)ဦး ၊ အမျိုး သမီး (၃၉)ဦး စုစုပေါင်း (၁၄၅ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၁၄၅)ဦးမှာ  ကချင်ပြည်နယ်မှ(၁၅)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၄)ဦး တနင်္သာရီ တိုင်းဒေသကြီးမှ (၁)ဦး ၊နေပြည်တော်မှ(၁၄)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ(၁၁)ဦး ၊ မကွေးတိုင်းဒေသ ကြီးမှ(၃၂)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၁၀)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃)ဦး ၊ ရန်ကုန်တိုင်းဒေသ ကြီး မှ (၃)ဦး ၊ ရခိုင်ပြည်နယ်မှ(၅၂)ဦး တို့ဖြစ်ပြီး မေလ(၆) ရက်နေ့မှ စက်တင်ဘာလ (၁၈)ရက်နေ့အထိ  နေရပ်ပြန် ပြည်သူအမျိုးသား (၁၀၀၉၀) ဦး ၊ အမျိုးသမီး (၆၃၄၅) ဦး စုစုပေါင်း (၁၆၄၃၅) ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 နန်းသန္တာဦး (ပြည်နယ်ပြန်ဆက်)