ဒဂုံတောင် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ထားရှိထား သည့် အ.ထ.က(၂) Quarantine centre တွင် Contact person များအား မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ယမန်နေ့ ညနေ(၃)နာရီက စတင်လက်ခံထားရှိထားကြောင်း သိရသည်။
အဆိုပါ Quarantine centreတွင် Contact personများ လက်ခံထားရှိခြင်းမတိုင်မီ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကိုဗစ်ကော်မတီဝင်များ၊ မြို့နယ် ကျန်းမာရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေး၍ လုပ်အားပေးကြမည့် Volunteer များအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ Contact person ကျား(၂၆)ဦးနှင့် မ(၁၆)ဦး စုစုပေါင်း(၄၂)ဦးတို့အား မြို့နယ်အတွင်းရှိ ပရဟိတ အသင်းမော်တော်ယာဉ်များနှင့် အတူ သွားရောက်ခေါ်ဆောင်ထားရှိထားကြောင်းသတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)